လွိုင်လင်၊ စက်တင်ဘာ ၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးနှင့် အခြားဘာသာရေး ကျောင်းများတွင် လည်း ကိုဗစ်ကာလ ကြိုတင်ကာကွယ်မှုလုပ်ငန်းများဆောင်ရွက်စဉ် စားသောက်ရေးကိစ္စများ အဆင်ပြေ စေရေးအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများအား ဒေသအလိုက် ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ စက်တင်ဘာ ၆ ရက်တွင် လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ် ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်က လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အောင်မင်္ဂလာဝမ်အဲန်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို ဆက်ကပ်လှူဒါန်းခြင်းနှင့် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ စွန်းလွန်းဝိပဿနာ ကမ္မဋ္ဌာန်းကျောင်းရှိ ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲ တို့ကို သွားရောက်လှူဒါန်းခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်အတွင်းရှိ အခြား ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးကျောင်းများသို့လည်း ဆက်လက်ထောက်ပံ့လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။