မဲနယ်တောင်တန်းမှာ ငြိမ်းချမ်းရေးရောင်ခြည်ဖြာခဲ့သောကြောင့်

ကျွန်တော့်ရဲ့မှတ်ဉာဏ်စွမ်းရည်တွေ သည်လောက်တောင် လျော့ပါးသွားပြီလားဆိုသည့်အတွေးဖြင့် ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်ခဲ့မိသည်ကတော့အမှန်ပင်။ ကြည့်လေ ၁၉၈၄- ၁၉၈၅ နှစ်များက မကြာခဏ ဝင်လိုက်ထွက်လိုက်၊ ဖြတ်လိုက် သန်းလိုက်ပြုလုပ်ခဲ့ဖူးသော ရွာလေးတွေ (ယခုတော့ ရွာကြီး တွေ)။ ဆီဆိုင်-လွယ်ထွဲ-ထီရီး(ပွန်ရမ်း)-မိရဲ-တောရ-ပြင်သာ ယာ-ထွေဖူး-လွယ်ပွတ်မှတစ်ဆင့် ဆိုက်ခေါင်ကို ပြန်ဝင်လာ သည်အထိ ဆိုက်ခေါင်ကလွဲလို့ ဘယ်ရွာကိုမှ ကျွန်တော်မမှတ် မိတော့။ ပြောရလျှင် ဆိုက်ခေါင်တောင်မှ သည်နှစ်ထဲမှာတစ် ခေါက် ဆေးရုံဖွင့်ပွဲအခမ်းအနားတက်ရင်း ပြန်ရောက်ဖူးထား ၍သာ အမြင်စိမ်းမနေခြင်း ဖြစ်ချိမ့်မည်။ သြော် ပြန်တွက် ကြည့်တော့လည်း နှစ်ပေါင်း ၃ဝ ကြီးများတောင် ကျော်ခဲ့ပြီ ပဲ။ ကိုယ်ကလည်း အသက်အရွယ်တွေရလာပြီမို့ သည်ရွာလေး တွေရဲ့ အနေအထား၊ ဝန်းကျင်ပုံရိပ်တွေကို မမှတ်မိတော့တာ ဖြစ်မှာပါလေဟု အချိန်ကာလနှင့် အသက်အရွယ်ဘက်သို့ သာသာထိုးထိုးလေးတွန်းပို့ရင်း ဖြေသိမ့်လိုက်မိ၏။
ကားလမ်းတစ်လျှောက် ရွာစဉ်အလိုက် ဆိုင်းဘုတ်လေး တွေ လိုက်ဖတ်ကြည့်မိ၍သာ သည်ရွာက ပွန်ရမ်း၊ ဟိုရွာက ထွေဖူးဟု သိခဲ့ရခြင်းဖြစ်သည်။ တစ်ချိန်က ကားလမ်းဝေးလို့ လှည်းလမ်းတောင်မှ ဖြောင့်ဖြောင့်မရှိတတ်သော ရွာလေး တွေ။ ခုတော့ မဲနယ်တောင်အနောက်ခြမ်းနှင့် ဟိုပုံး-ဆီဆိုင်- လွိုင်ကော် ကားလမ်းမကြီးကြားမှာ ရွာစဉ်ရွာဆက် ကားလမ်း တွေပေါက်လို့။ မြေလမ်းတစ်သွယ်၊ ကျောက်လမ်းတစ်ဖုံ၊ လွယ်ပွတ်နှင့် ဆိုက်ခေါင်ကြားမှာလည်း ကတ္တရာလမ်းဖြစ်ခဲ့ပြီ။ တစ်ချိန်က ကျွဲတွေ၊ နွားတွေ၊ လားတွေ၊ မြင်းတွေနှင့် သွားလာ နေကြသော ကျွန်တော်တို့ အမျိုးတွေ၏ရွာများ၊ သည်ခေတ် သည်ကာလမှာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ သွားလာနေကြပြီ ဖြစ်သကဲ့သို့ ညရေးညတာ မီးတုတ်ကြီးတွေကိုင်ပြီး တစ်ရွာနှင့် တစ်ရွာ သာရေးနာရေး သွားလာမေးမြန်းခဲ့ရသောဘဝတွေ၊ ဝေး...ငါလာတယ်ဟေ့၊ သူလာတယ်ဝေ့နှင့် လှမ်းအော်နေရ သောဘဝတွေကလည်း လွတ်ခဲ့ပြီ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တယ်လီဖုန်းလိုင်းမမိသောရွာဟူ၍ မရှိတော့ သလောက် ဖြစ်နေသောကြောင့်ပင်တည်း။ ဝမ်းမြောက်ဖွယ် ကောင်းလေစွတကား။ ထိုရွာလေးတွေကိုကြည့်ရင်း ၁၉၈၄- ၁၉၈၅ခုနှစ်တွင် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးဖေငြိမ်း ဦးစီး သော မိမိတို့ အမှတ်(၁၄)ခြေမြန်တပ်ရင်း ထိုဒေသသို့ စစ် ဆင်ရေးဝင်ရောက်ခဲ့ပုံတွေ၊ ရွာတွေမှာ ဖြတ်သန်းသွားလာစဉ် ပိုင်ရှင်မသိဘဲ ဟင်းသီးဟင်းရွက်တွေ ခူးယူစားမိသော စစ် သည်များကြောင့် ''သူ့ပိုင်ရှင်က မပေးမစွန့်၊ သစ်ညွန့်တစ်ခက် ဟင်းရွက်တစ်နွယ်၊ သက်ငယ်တစ်ပြစ် ဝါးတစ်ဆစ်မျှ၊ သူ့ ပစ္စည်းအား မပြစ်မှားနှင့်''ဆိုသည့်ကဗျာကို တပ်ရင်းတစ်ရင်း လုံး ကျက်ခဲ့ရပုံတွေ တရေးရေး ပြန်လည်အမှတ်ရမိ၏။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးရဲအောင်၏ ဒီဇင်ဘာ ၃ ရက် ပအိုဝ်းဒေသခရီးစဉ် တွင် ဆီဆိုင်မြို့နယ်အတွင်းရှိ ဆီဆိုင်-လွယ်ထွဲ-ထီရီး(ပွန်ရမ်း)လမ်း လေးမိုင်အရှည်တွင် ကျောက်ခင်းခြင်းလုပ်ငန်းကို သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးဦးမြင့်စိုးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြ သည်။
ယင်းကျောက်လမ်းနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် ပြည် ထောင် စုဝန်ကြီးက ပအိုဝ်းဒေသအတွင်း ယခင့်ယခင်ဘဏ္ဍာ နှစ်များ၌ ဖောက်လုပ်ပေးခဲ့သောမြေလမ်းများ အရည်အသွေး ကောင်းမကောင်း၊ စံချိန်စံညွှန်းမီ မမီ လိုက်လံစစ်ဆေးကြည့်ရှု လိုသည်ဟု ပြောကြားခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က ဆီဆိုင်-လွယ်ထွဲ-ထီရီး (ပွန်ရမ်း)-မိရဲ-တောရ-ပြင်သာယာ-ထွေဖူး-လွယ်ပွတ်-ဆိုက် ခေါင်လမ်း (၂၃/၆)မိုင်ကို လိုက်လံပြသပေးခဲ့သည်။ ယင်း လမ်းပိုင်းတွင် လွယ်ပွတ်-ဆိုက်ခေါင် (၅/ဝ)မိုင်ကို ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းက ကတ္တရာလမ်းအဆင့် ခင်းပေး ထားပြီး မိရဲမှ ပြင်သာယာအထိ (၂/၇)မိုင်ကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြေလမ်းဖောက်လုပ် ပေးကာ ကျန်လမ်းပိုင်း(၁၅/၇)မိုင်ကို နတလဦးစီးဌာန၏ နယ်စပ်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဖောက်လုပ်ပေးထားခြင်းဖြစ်ပါ သည်။ နတလလမ်းပိုင်းထဲမှာ ဆီဆိုင်-လွယ်ထွဲ ရွာနှစ်ရွာကြား ၌ (၃/ဝ)မိုင် ကတ္တရာခင်းပြီးဖြစ်သကဲ့သို့ လွယ်ထွဲနှင့် ထီရီး (ပွန်ရမ်း)ကြား (၃/၂)မိုင်၊ ထွေဖူးနှင့် လွယ်ပွတ်ကြား (၃/ ၄) မိုင်တို့ကိုလည်း ကျောက်လမ်းခင်းထားပေးပြီးဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးအား ဥက္ကဋ္ဌဦးခွန်စံလွင်က ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဖောက်လုပ်ထား သော ပြင်သာယာ-လိုက်ပေး-ဝါးခရာ မြေလမ်း(၆/ဝ)မိုင်ကို လည်း ပြသပေးခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း မြေလမ်းများဖောက်လုပ်ပေးပြီးတိုင်း ဒေသအစီ အစဉ်ဖြင့် ဖြုန်းကျောက်များကိုပါဖြန့်ခင်း၍ သေချာ ကြိတ် ပေးထားသဖြင့် နွေမိုးဆောင်းရာသီမရွေး သွားလာနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ကားလမ်းများပေါ်ပေါက်လာရုံမျှ မက ရထားလမ်းများပင် ဖောက်လုပ်ပေးခဲ့ရာ တောင်ကြီး ဘူတာမှ ဆိုက်ခေါင်ဘူတာသို့ နေ့စဉ်ပုံမှန် ရထားပြေးဆွဲနေ ကြောင်းသိရသည်။
ပြည်ထောင်စုဝန်ကြီးသည် ယင်းနေ့နံနက်ပိုင်းတွင် ဆီဆိုင် မြို့နယ် ဆိုက်ခေါင်ကျေးရွာ၌ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ဆောက်လုပ်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးပြီးနောက် ကောင်းမှုဗွာကျေးရွာ သို့သွားရောက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရက်(၁ဝဝ)စီမံကိန်းကာလအတွင်း တူးဖော်ပေးခဲ့သော သောက်သုံး ရေ ကန်ကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လာမည့်ဘဏ္ဍာနှစ်၌ သောက်သုံးရေကန်တစ်ကန် ထပ်မံတူး ဖော်ပေးရေး၊ ကောင်းမှုဗွာကျေးရွာသို့ လျှပ်စစ်မီးသွယ်တန်း ပေးရေး၊ ကောင်းမှုဗွာ- လိုက်ဟန်နား-ထီဟန်ထွိုင်း-လိုက်ပေး မြေသားလမ်း (၄/ဝ)မိုင် ဖောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရေလည်းရမည်၊ မကြာမီ မီးလည်းလင်းမည်၊ ကားလမ်းလည်းပေါက်ဦးမည်ဆိုတော့ကာ ထိုဒေသကပြည်သူလူထုအနေဖြင့် ဝမ်းမသာခံနိုင်ပါဦးတော့ မလား။ ဆီဆိုင်နှင့် ဘန်းယဉ်ဒေသအရှေ့ခြမ်း မဲနယ်တောင် တန်း အခြေတစ်လျှောက်က ကျေးရွာတွေမှာ သောက်သုံးရေ ရှားပါးမှုနှင့် ကြုံရတာကတော့အမှန်ပင်။
ထိုနေ့ နေ့လယ်စာကို ဘန်းယဉ်မြို့တွင် နေထိုင်သော ပအိုဝ်းဦးစီးအဖွဲ့၏ အဖွဲ့ဝင်၊ လူမှုတာဝန်ခံ ဦးခွန်မောင်ပယ် အိမ်၌ စားခဲ့ကြသည်။ ထုံးစံအတိုင်း ဒေသထွက် ဟင်းသီးဟင်း ရွက်နှင့် ပအိုဝ်းရိုးရာအစားအစာတွေ ပါလာသဖြင့် သဘော ကျစွာ စားခဲ့ရ၏။ ဒေသထွက်လက်ဆောင်အဖြစ် ရွှေနီငှက် ပျောခိုင်ကြီးများအပြင် ဆီးချိုသမားများစားရန်သင့်တော် သော ဘာဆမာတီဟုခေါ်သည့် ဆန်အိတ်တစ်အိတ်စီကိုလည်း ရခဲ့ကြသည်။ ¤င်းဆန်အမျိုးအစားကို နောင်မွန်းဒေသ၌ စိုက် ပျိုးခဲ့ကြသည်မှာ ကာလအတန်ကြာပြီဖြစ်ကြောင်း၊ ကယား ပြည်နယ် လွိုင်ကော်ဒေသ၌ ပို၍အစိုက်များကြောင်းကိုလည်း ဗဟုသုတအဖြစ် သိခွင့်ရလိုက်သေး၏။ ရွှေနီငှက်ပျောခိုင်ကြီး ကို မြင်သောအခါ (၁၉၉၁ ခုနှစ်အတွင်းမှာဟု ထင်ပါသည်) ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် အဘဦးအောင်ခမ်းထီက နိုင်ငံတော်အကြီးအကဲတစ်ဦးထံ ငှက်ပျောခိုင်ကြီးတစ်ခိုင် လက်ဆောင်ပေးနေသည့်ဓာတ်ပုံတစ်ပုံကို ပြန်လည်အမှတ်ရ မိသည်။ ဦးအောင်ခမ်းထီ ခေါင်းဆောင်သော ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ဏြဥ အဖွဲ့သည် ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် တွင်လည်းကောင်း၊ ဦးတာကလယ် ခေါင်းဆောင်သော ပအိုဝ်းနီ ရလလဖအဖွဲ့သည် ၁၉၉၄ခုနှစ် စက်တင်ဘာ ၁ဝ ရက်တွင် လည်းကောင်း တရားဥပဒေဘောင်အတွင်း ဝင်ရောက် ခဲ့ ကြသည်။ ဆိုရသော် ထိုအချိန် ထိုကာလများကစ၍ မဲနယ် တောင်အရှေ့ခြမ်းနှင့် အနောက်ခြမ်းဒေသများအားလုံး၊ မြောက်ပိုင်းက ဟိုပုံး၊ ကျောက်တန်း မိုင်းပြင်း၊ လက်သဲ့ဒေသ များပါမကျန် ပွန်ချောင်း၏ ဟိုးအရှေ့ဘက်က မိုးနဲ၊ မောက် မယ်၊ ကျိုင်းတောင်း၊ ကျိုင်းခမ်း၊ ကဒူးကြီး၊ ကဒူးလေးဒေသ များ၊ ဆီဆိုင်၊ ပင်လောင်းနှင့် တီကျစ်၊ နောင်တရားဒေသများ အပါအဝင် နေရာဒေသအားလုံး တည်ငြိမ်အေးချမ်းခဲ့သည်။ မဲနယ်တောင်တန်းကြီးပေါ်က ဖြာဆင်းလာသော ငြိမ်းချမ်း ရေးရောင်ခြည်သည် ပအိုဝ်းဒေသများအားလုံးကို အေးမြစေ ခဲ့သည်၊ ဖွံ့ဖြိုးတိုးတက်စေခဲ့သည်မှာ အငြင်းပွားဖွယ်ရာ မရှိ ပေ။
နေ့လယ်ပိုင်းတွင် ဘန်းယဉ်မြို့မှပြန်အထွက် ဆီဆိုင်-ဟိုပုံးကားလမ်းပေါ်ရှိ ကောင်းငင်းကျေးရွာနှင့် ကောင်တန် ကျေးရွာတို့သို့ ဝင်ရောက်ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် နယ်စပ် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လျှပ်စစ်မီးသွယ်တန်းပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်အဖွဲ့သည် ဟိုပုံး မြို့နယ်အတွင်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် နယ်စပ်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျောင်းလွယ်-ပါပန့်-ထမ်းဘုရားလမ်း (၃/ဝ)မိုင် ကျောက်ခင်းခြင်းလုပ်ငန်း၊ နမ့် ပေါ်ဟွန်း-ပါပန့်-နောင်ကွမ်-ညောင်နင်း-သက်သာ-ပုံချောင် မြေသားလမ်း(၅/ဝ)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ညနေပိုင်းမှာတော့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး၌ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ပအိုဝ်းဒေသဖွံ့ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပအိုဝ်းဒေသကိုရောက်တိုင်း မဲနယ်တောင်တန်းကြီးရှိရာသို့ ငေးမကြည့်ဘဲ မနေနိုင်ခဲ့။ ထို့အတူ ပွန်ချောင်း၏ ရေစီးသံတို့ ကိုလည်း ပြန်လည်ကြားယောင်ဆဲ၊ တစ်ချိန်က ကြမ်းတမ်း ခက်တရော်မှုတွေရှိခဲ့ဖူးသော ပအိုဝ်းဒေသ၊ ယခုတော့ ငြိမ်း ချမ်းခဲ့ပြီ။ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခဲ့ပြီ။ ငြိမ်း ချမ်းခြင်း၏ အကျိုးရလဒ်များကြောင့် ဖွံ့ဖြိုးတိုးတက်နေသော ဒေသများကို ကြည့်လိုလျှင် ပအိုဝ်းဒေသလည်း တစ်ခုအပါ အဝင် ဖြစ်နေပါလိမ့်မည်။ ဆက်၍ဆက်၍လည်း တည်ငြိမ် အေးချမ်းဖွံ့ဖြိုးတိုးတက်နေမည်ဟု အလေးအနက်ယုံကြည် မိပါကြောင်း။ ။