
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာ လီဆူရိုးရာကွင်းသွား ကတ္တရာလမ်း တစ်မိုင်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၂၅၈ ဒသမ ၅၉၈ သန်းဖြင့် ကချင်ပြည်နယ်အတွင်း လမ်း/တံတားလုပ်ငန်း၊ သောက်သုံးရေရရှိရေးလုပ်ငန်း၊ စိုက်ပျိုးရေရရှိရေး လုပ်ငန်း၊ သာသနာရေးလုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ရေးလုပ်ငန်းစသည့် ဖွံ့ဖြိုးရေး လုပ်ငန်း ၂၉ ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

