မြောက်ဦးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးနှင့် ဝန်ထမ်းများ သည် မြောက်ဦးမြို့ ပညာရောင်ခြည်ဘုန်းတော်ကြီးကျောင်းနှင့် သာသနာလင်္ကာ ဘုန်းတော်ကြီးကျောင်း တိုက်တို့ရှိ ဆရာတော်ကြီးများထံသို့ အောက်တိုဘာ ၁၈ ရက်က ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။