မြောင်းမြမြို့နယ် ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလား ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြောင်းမြမြို့နယ် ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလားကျေးရွာအား ဆက်သွယ်ပေးမည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် ၆၅၅ ဒသမ ၁၄၄ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
  ဒေသခံတိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်စီးဆင်းမှု လျင်မြန်စေရေးနှင့် အခြေခံလူမှုစီးပွားဘဝ တိုးတက်စေရေးအတွက် ရည်ရွယ်ပြီး အဆိုပါလမ်းကို စီမံကိန်းရေးဆွဲဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသည် ယခင်သွားလာရန် ခက်ခဲသော ကျောက်ကြမ်းလမ်းဖြစ်ပြီး နှစ်ပေါင်း ၈၀ ကျော်ခန့်က ကျောက်ခင်းထားသော လမ်းတစ်လမ်းဖြစ်သည်။ လမ်းတစ်လျှောက်တွင် ကျေးရွာများ တည်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှုဦးစီးဌာန၏ ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသော သမိုင်းဝင်ရွှေဂူကြီးဘုရားနှင့် စေတီပုထိုးများ တည်ရှိသော နယ်မြေလည်း ဖြစ်သည်။
 

Post Paragraph