နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊  နိုဝင်ဘာလ - ၂၀
    ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများတင်ပြခြင်း ဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
    အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဒေါက်တာမျိုးသိန်းကျော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
    ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပသည့် အစည်း အဝေး သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေများကို ခွင့်ပြုနိုင်ရန် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီတို့ နှင့် ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း။
    ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက် တောင်းခံငွေများကို အဆင့်ဆင့်စိစစ်ခဲ့ပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များ၏အရအသုံးခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေး ကော်မတီကနောက်ဆုံးစိစစ်ပြီးသည့် အပေါ်တွင် ထပ်မံညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း။
    နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တရားဥပဒေ စိုးမိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ တိုးတက်အောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည့်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်၊ ဖြည့်စွက်ခွင့်ပြုငွေတွင် ကာကွယ်ရေးနှင့် လုံခြုံရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်တွင်း စားသုံးဆီ ဖူလုံစေရေးတို့တွင် အဓိကကဏ္ဍဖြစ် သည့်စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး အသုံးစရိတ်များ၊ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် အရည်အသွေးပြည့်မီသော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ အသုံး  စရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍဆိုင်ရာ အသုံးစရိတ်များ၊ ပြည်တွင်းထုတ်ကုန် တိုးမြှင့်စေရေးနှင့် နိုင်ငံတော်၏ ကုန်ထုတ် လုပ်မှုနှင့် စက်မှုလုပ်ငန်းများ ပိုမိုလည်ပတ်နိုင်ပြီး စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ ကို အရည်အသွေးပြည့်မီစွာဖြင့် ပြည်တွင်းတွင် လုံလောက်စွာ ထုတ်လုပ်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစေရေးနှင့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေးတို့အတွက် အဓိကကဏ္ဍဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးအတွက် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကိုလည်း ကျင်းပ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် အဆိုပါ ပြပွဲ၊ ပြိုင်ပွဲ အသုံးစရိတ်များကိုလည်း ခွင့်ပြု ပေးရမည်ဖြစ်ကြောင်း၊ အလားတူ မဖြစ်မနေသုံးစွဲရမည့် အသုံးစရိတ်များကိုလည်း ခွင့်ပြုရမည် ဖြစ်ကြောင်း။
    ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများကလည်း မလိုအပ် သည့် အသုံး စရိတ်များ မသုံးစွဲမိစေရေး  စိစစ်ရန်လိုကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေနှင့် ပြုပြင်ပြီးခန့်မှန်းခြေကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက မူလခန့်မှန်းခြေ ရငွေပိုင်းတွင် ငွေကျပ် ဘီလီယံ ပေါင်း ၃၁၀၀၀ ကျော် ဖြစ်ကြောင်း၊ သုံးငွေပိုင်းတွင် ငွေကျပ်ဘီလီယံ ၃၉၀၀၀ ကျော် ဖြစ်ကြောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေကို ကြည့်မည် ဆိုပါက ရငွေပိုင်းတွင် ငွေကျပ်ဘီလီယံပေါင်း ၃၅၀၀၀ ကျော် ဖြစ်ပြီး သုံးငွေပိုင်းတွင် ငွေကျပ်ဘီလီယံ ၄၁၀၀၀ ကျော် ဖြစ်ကြောင်း၊ ယခုတွက်ချက်ပြီးသည့် GDP မှာ ငွေကျပ်ဘီလီယံ ၁၅၅၅၄၃ ဒသမ ၅၃၄ ဖြစ်သည့်အတွက် မူလခန့် မှန်းခြေတွင် လိုငွေ၏ GDP အချိုးအရ ၅ ဒသမ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေ၏ GDP နှင့် လိုငွေ အချိုးမှာ  ၃ ဒသမ ၉၁ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရကြောင်း။
    ရငွေပိုင်းကို ကြည့်မည်ဆိုပါက ပြုပြင်ပြီး ခန့်မှန်းခြေ၏ ရငွေပိုင်းတွင် ငွေကျပ် ဘီလီယံ ပေါင်း ၄၀၇၀ ဒသမ ၃၆၄ ဘီလီယံ တိုးမြှင့်ရရှိနိုင်ရန် လျာထားခြင်း ဖြစ်ကြောင်း၊ ရငွေတိုးမြှင့် အောင် ဆောင်ရွက်နိုင်သည့် ဝန်ကြီးဌာနများမှလည်း နောင်ဘဏ္ဍာရေးနှစ်များတွင် ယခုထက် ဝင်ငွေပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ သုံးငွေပိုင်းကို ပြန်ကြည့်မည် ဆိုပါက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှစ၍ နောက်ဆုံးဖြည့်စွက်ရန်ပုံငွေတောင်းသည့် နိုဝင်ဘာလအထိ ၈ လ ဖြစ်ပြီး  ၄ လ ကျန်ရှိ သေးကြောင်း၊ အဆိုပါ ၈ လနှင့် ၄ လ တွင် အသုံးစရိတ် မူလခန့်မှန်းခြေနှင့် ပြုပြင်ပြီး ၄ လ ခန့်ကို နှိုင်းယှဉ်ကြည့်ရာတွင် မူလခန့်မှန်းခြေတွင် ၈ လအတွင်း သုံးစွဲငွေမှာ ငွေကျပ်ဘီလီယံပေါင်း ၃၉၀၀၀ ကျော် ဖြစ်ပြီး၊ ကျန်ရှိသည့် ၄ လ ကာလအတွင်း သုံးရန် လျာထားသည့် သုံးငွေမှာ ငွေကျပ်ဘီလီယံပေါင်း ၄၁၀၀၀ ကျော် ဖြစ်သည်ကို တွေ့ရကြောင်း၊ ယခင်နှစ်တွင် ဝန်ကြီးဌာနများက မသုံးနိုင်သည့် ပိုလျှံငွေများ ပြန်လည် အပ်နှံသည်ကိုတွေ့ရှိရ ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ကျန်ရှိသည့် ၄ လနှင့် ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီး စီးအောင် သုံးစွဲရမည့် အသုံးစရိတ်နှင့် လုပ်ငန်း ပြီးစီးမှုအပေါ် စိစစ်ဆွေးနွေးပေးရန်ဖြစ်ကြောင်း၊ ထိုသို့ စိစစ်ရာမှ အသုံးစရိတ်များ ထပ်မံလျော့ချနိုင်မည်ဖြစ်ပြီး ရရှိလာသည့်ပိုလျှံငွေများကို ရာဂီမုန်တိုင်း နောက်ဆက်တွဲ လုပ်ငန်းများတွင် အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ် သတ်မှတ်ထားသည့် မတ်လ ၁၅ ရက် မတိုင်မီ ပြီးစီးအောင် ပိုမိုဆောင်ရွက် နိုင်မည်ဖြစ် ပါကြောင်း။
    ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေး ကော်မတီ၏ စိစစ်ပြီးအခြေအနေအပေါ် ရငွေနှင့် အသုံးစရိတ်များ တိုးမြှင့်လိုခြင်း၊ စိစစ် လျှော့ချလိုခြင်းများရှိပါက တင်ပြပေးကြရန်ဖြစ် ကြောင်းပြောကြားသည်။
    ထို့နောက် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံး ခန့်မှန်း ခြေ ငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစောက ပြည်ထောင်စုနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်များ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်  ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများ ကြိုတင်စိစစ်ဆောင်ရွက်ခဲ့မှု၊ ထိုသို့ စိစစ်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအား စိစစ်ဆောင်ရွက်ခဲ့ မှုနှင့် ဦးစားပေးလုပ်ငန်းများအတွက် အသုံးစရိတ်များ တိုးမြှင့်ခွင့်ပြုပေးခဲ့မှု အခြေ အနေများကို ရှင်းလင်းပြောကြားသည်။
    ထို့နောက် ကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများအား စိစစ်ပြီးစီးမှု အခြေအနေ၊ မူလခန့်မှန်းခြေငွေစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း အခြေ အနေနှင့် နိုင်ငံပိုင်နိုင်ငံခြားငွေ ရငွေနှင့် သုံးငွေမူလခန့်မှန်းခြေငွေစာရင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအခြေအနေတို့ကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ စိစစ်ပြီးစီးမှုနှင့် ဖြည့်စွက်ခွင့်ပြုသည့်အသုံးစရိတ်များကို လည်း ကောင်း၊  ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ရငွေ၊ သုံးငွေ စာရင်းများနှင့် စပ်လျဉ်းသည့် စာရင်းစစ်ဆေးခြင်းဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
    ယင်းနောက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများက  သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အတွင်းရေး မှူးက ဖြည့်စွက်ဆွေးနွေးသည်။
    ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ် သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။

Post Paragraph