နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ငလျင်ဘေးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းမိသားစု များအတွက် Steel Structure ယာယီအဆောက်အဦများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

ဧပြီလ ၂၅ ရက်
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးမြေဧရိယာ အတွင်း၌ ငလျင်ဘေးကြောင့်ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများနှင့် မိသားစုများနေထိုင်ရန်အတွက် ဝန်ကြီးဌာန အင်ဂျင်နီယာအဖွဲ့မှ ကြီးကြပ်ကွပ်ကဲမှုဖြင့် တည်ဆောက်နေသည့် Steel Structure ယာယီအဆောက်အဦများ တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် အဆိုပါ ယာယီအဆောက်အဦ များအတွင်း  ဝန်ထမ်းများနေထိုင်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ငလျင်ဒဏ် ခံစားခဲ့ ရသည့် ဝန်ထမ်းများနှင့် မိသားစုများအား ယာယီ ဖွင့်လှစ်ထားရှိသည့် သဘာဝဘေးယာယီ ကယ်ဆယ်ရေးစခန်းများမှ Steel  Structure ယာယီအဆောက်အဦများသို့ အမြန်ဆုံး ပြောင်းရွှေ့ နေရာချထားနိုင်ရေး၊ ရေ၊ မီး၊ မိလ္လာကိစ္စများအား စနစ်တကျ ဆောင်ရွက်သွားကြရန်၊ ယာယီ အဆောက်အဦများ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွား ကြရန်၊ နေထိုင်စားသောက်မှုများကို ကျန်းမာရေးနှင့် ညီညွတ်စေရေး အလေးထား စီစဉ်ဆောင်ရွက် သွားကြရန် မှာကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ပြီး ယာယီအဆောက်အဦများ အတွင်း ဝန်ထမ်းမိသားစုများ၏ ပြောင်းရွှေ့နေထိုင်မှု အခြေအနေများကို လည်းကောင်း၊ ယာယီအဆောက်အဦများ ဆောက်လုပ်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်းကောင်း၊ ရေချိုး ခန်းနှင့် အိမ်သာများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

video-upload