ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ထိုင်းနိုင်ငံ National Security Council မှ Acting Deputy Secretary General ဖြစ်သူ Mr. Danai Moosa နှင့်အဖွဲ့တို့အား လက်ခံတွေ့ဆုံ

နေပြည်တော်  ဇူလိုင် ၁၀

    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် ထိုင်းနိုင်ငံ၊ အမျိုးသားလုံခြုံရေးကောင်စီ (National Security Council-NSC) မှ Acting Deputy Secretary General ဖြစ်သူ Mr. Danai Moosa နှင့်အဖွဲ့အား  ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
    တွေ့ဆုံစဉ် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးရေးဆောင်ရွက်မှုများ၊ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင်းလင်းစွာဆွေးနွေးခဲ့ ကြသည်။ ထိုင်းနိုင်ငံ၏ လုံခြုံရေးကဏ္ဍ၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ NSC မှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလုံခြုံရေးနှင့် စပ်လျဉ်းသည့်မူဝါဒများ ချမှတ်ခြင်း၊ မူဝါဒပိုင်းဆိုင်ရာ အကြံပေးခြင်း စသည့်ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

Post Paragraph