နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ သင်တန်းကျောင်းများတွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများ ကျင်းပပြုလုပ်

နေပြည်တော်   ဖေဖော်ဝါရီ ၁၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ၃၆ ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း ၄ ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်‌မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၂၀ ကျောင်းတို့၌    မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို  သင်တန်းကျောင်း အသီးသီးမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ခဲ့ပါသည်။
    အဆိုပါ သင်တန်းကျောင်းများတွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ၊သင်တန်းသား၊ သင်တန်းသူများအနေနှင့် ရိုးရာယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာများကို သိရှိမြတ်နိုးတန်ဖိုးထားတတ်လာစေပြီး တိုင်းရင်းသားလူငယ် မောင်မယ်များ သင်တန်းသား၊ သင်တန်းသူများအချင်းချင်း ရင်းနှီးချစ်ကြည်စွာ ပိုမိုစည်းလုံး၍  ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်လာစေရန်  ရည်ရွယ်ကျင်းပ  ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
 

Post Paragraph