နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကွတ်ခိုင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်း ၊ ဆန် ၊ ဆီ ၊ ပဲများ ဆပ်ကပ်လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၁၇
    ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်ရှိ ရွှေကမ္ဘာအေးစေတီ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်း ၊ ဆန် ၊ ဆီ ၊ ပဲများဆက်ကပ်လှူဒါန်းခြင်းကို ကွတ်ခိုင်မြို့နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကွတ်ခိုင်မြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန့်နှင့် ဝန်ထမ်းများက ဖေဖော်ဝါရီ ၁၆ ရက်တွင် သွားရောက်လှူဒါန်းခဲ့သည်။
    ထိုသို့ လှူဒါန်းရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ပေးပို့လှူဒါန်းသည့် ဆန် ၆ အိတ် ၊ ဆီ ၂၅ ပိဿာ ကုလားပဲ ပိဿာ ၃၀ တို့ကို လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန့်နှင့် ဝန်ထမ်းမိသားစုများက သံဃာတော်များကို ဆက်ကပ်လှူဒါန်းကြောင်းသိရသည်။
 နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဆွမ်း အခက်အခဲဖြစ်ပေါ်နေသော ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ခရစ်ယာန်ကျောင်းများ၊ မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေးဂေဟာများ၊ အခြားဘာသာရေးကျောင်းများနှင့် ကိုဗစ် Center များကို ဆန် ၊ ဆီ ၊ ပဲများ စဉ်ဆက်မပြတ် လှူဒါန်းလျက်ရှိကြောင်းသိရသည်။ 
 

Post Paragraph