နယ်စပ်ရေးရာဝန်ကြီးဌာနက မောက်မယ်မြို့ မောက်စံ ဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ထောက်ပံ့လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၁၆
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်ကာလအတွင်း ဆွမ်း ၊ ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများ၊ Chruch ကျောင်းများအတွက် ဆန် ၊ ဆီ ၊ ဆား ၊ ကုလားပဲ စသည့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ကိုဗစ် Center များအတွက် အာဟာရဖြည့် အစားအစာများ ၊ ဆေးဝါးများ ၊ ရေသန့်များစသည့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့ ဆီဆုံရပ်ကွက်ရှိ မောက်စံ ဘုန်းတော်ကြီး ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ ၊ ဆား ၊ ဆေး ၊ ကုလားပဲနှင့် ကြက်သွန်နီ စသည့် လှူဖွယ်ဝတ္ထုပစ္စည်းများကို မောက်မယ်မြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းနှင့် တာဝန်ရှိသူများ က ယနေ့ နံနက်ပိုင်းတွင် ကျောင်းထိုင်ဆရာတော် အရှင်ဂန္ဓမာထံ ဆက်ကပ်လှူဒါန်းကြောင်းသိရသည်။

Post Paragraph