ဖေဖေါ်ဝါရီလ ၁၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများအား ရဟန်းသာမဏေများအား ဆက်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် နိုင်ငံအနှံ့ အပြားတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ် ၁၉ ရောဂါကြောင့် ကာကွယ်ရေးနှင့် ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အဟာရဖြည့် အစားအစာများကို ထောက်ပံ့ လှူဒါန်းလျက် ရှိပါသည်။
ထိုကဲ့သို့ လှူဒါန်းမှုတွင် ယနေ့နံနက်ပိုင်း၌ ရန်ကုန်အရှေ့ပိုင်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ၊ ဦးမျိုးဇော်ဦးနှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ်အရှေ့ပိုင်း အမှတ် ၁ ရပ်ကွက် ရှိ ဥာဏရိပ်မွန် ပရဟိတဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဦးပညာစက္ကထံသို့ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။
ထို့အပြင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် / မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများ ၊ ဘာသာရေးကျောင်းများနှင့် ကိုဗစ် ၁၉ ကုသရေးစင်တာ များသို့လည်း ဆက်လက်ထောက်ပံ့လှူဒါန်းမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။