နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကိုဗစ်-၁၉ စင်တာများသို့ ထောက်ပံ့လှူဒါန်းခြင်း

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်   တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆက်ကပ် လှူဒါန်းလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်းလတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အင်အားဖြည့်အစားအစာများကို ထောက်ပံ့ လှူဒါန်းလျက်ရှိပါသည်။ 
    ထိုသို့လှူဒါန်းလျက်ရှိရာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးရန်လင်းအောင်နှင့်ရုံးဝန်ထမ်းများ၊ တိုင်းဒေသကြီးကျေးလက် လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးဇော်မိုးဦးတို့မှ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဖွင့်လှစ်ထားရှိသည့်  Covid Center သို့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ အင်အားဖြည့်အစားအစာများနှင့် ရေသန့်များအား ထောက်ပံ့လှူဒါန်းခဲ့ရာ အဆိုပါထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဒေါက်တာမျိုးသူဇာနှင့် တာဝန်ရှိသူများမှ လက်ခံရယူပါသည်။ 
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများသို့လည်း ဆက်လက် ထောက်ပံ့လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။