နေပြည်တော်၊ ဩဂုတ်လ ၂၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်းကွမ်း အခက်အခဲမရှိစေရန်အတွက် တနင်္သာရီ တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ထားဝယ်) ကွပ်ကဲမှုအောက်ရှိ ကော့သောင်းခရိုင် ဖွံ့ဖြိုးမှုကြီး ကြပ်ရေးရုံးမှ တာဝန်ရှိသူများက ဩဂုတ်လ ၂၆ ရက်နေ့တွင် ဆွမ်းဆန်တော် ၊ ဆီ၊ ကုလားပဲများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ကော့သောင်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးစိုးနိုင်နှင့် ရုံးအဖွဲ့များ၊ ခရိုင်သာသနာရေး ဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးလှိုင်မျိုးလတ်နှင့် တာဝန်ရှိ သူများက အေးမြချမ်းသာဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ဆီ၊ ကုလားပဲတို့ကို သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားဘာသာရေး ကျောင်းများသို့လည်း ဆွမ်းကိစ္စရပ်များ အဆင်ပြေရန် ရည်ရွယ်၍ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ များအား ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။