နေပြည်တော်၊ ဩဂုတ် ၃၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်တောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)နှင့် ဗဟိုလေ့ကျင့်ရေးကျောင်း (ရန်ကုန်)တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး သတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်များကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ယိုးဒယားပိန္နဲပင် ၄၂ ပင်၊ ကံ့ကော်ပင် ၁၃ ပင် စင်ကာပူ ချယ်ရီ ၄၅ ပင်၊ ခရေပင် ၅၀ စုစုပေါင်း ပျိုးပင် ၁၅၀ တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။