၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သတ်၍ တင်ဒါအောင်ကုမ္ပဏီများအား အခွန်ဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးသန့်ဇင်က အမှာစကားပြောကြားပြီး ကယားပြည်နယ် ပြည်တွင်းအခွန်များ ဦးစီးဌာန ဦးစီးမှူး ဦးအောင်မြင့်က အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကုမ္ပဏီများက အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သတ်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးမှူးက ပြန်လည်ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဦးသန့်ဇင်က တင်ဒါအောင်ကုမ္ပဏီများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအပေါ် အကြံပြုချက်များအား Power Point ဖြင့်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ကုမ္ပဏီများက လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။