နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်နှင့် အရာထမ်း၊ အမှုထမ်းများက မြစ်ကြီးနားမြို့၊ သာသနာ့ဝန်ဆောင် မြို့ဦးပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာမဏေစုစုပေါင်း ဝါဆိုသံဃာအပါး ၁၂၀ တို့အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားစားသောက်ဖွယ်ရာများကို စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီက ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

Post Paragraph