ဆွမ်းဆန်တော် ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

    နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ သာသနာ့ဟိတကာရီ သီလရှင်စာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခြင်းကို စက်တင်ဘာ ၈ ရက်တွင် ဆောင်ရွက်ကြောင်း သိရသည်။
     ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် ဝန်ထမ်းမိသားစုများက လားရှိုးမြို့ရှိ သာသနာ့ ဟိတကာရီ သီလရှင်ကျောင်းတိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးကို ဆက်ကပ် လှူဒါန်းကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဝါတွင်းကာလ သီတင်းသုံးတော်မူသော ဝါဆိုသံဃာတော်များ ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
 

Post Paragraph