နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ၂၄၆ ဒသမ ၂၃၄ ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့သော လင်းခေးမြို့နယ်၊ နောင်လုံအုပ်စု၊ ဒါးဆိပ်-နောင်လုံ-ဝမ်စစ်-ဟိုက်ကွေ့လမ်းမကြီးမှ ပန်ကျင်-ဟတ်မိုင်-နောင်ခေါက် ကျေးရွာသွားလမ်း ၃ မိုင် ၇ ဖာလုံအနက် ၁ မိုင် ၃ ဖာလုံ အပြီးသတ်ကျောက်ခင်းခြင်းနှင့် ၅ ပေ Box Culvert ၂ စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါ လမ်းဖောက်လုပ်ပြီးစီးမှုကြောင့် လင်းခေးခရိုင်အတွင်းရှိ ကျေးရွာ ၁၀ ရွာ၊ လူဦးရေ ၃၄၂၅ ဦးတို့၏ လူမှုစီးပွားဘဝများအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့် များစွာဝမ်းမြောက်ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။