နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ တာဝန်ရှိသူများက စက်တင်ဘာလ ၁၁ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ်ရန်ပုံငွေကျပ် ၈၄ ဒသမ ၉၂၇ သန်းဖြင့် ကျောက်မဲခရိုင် သီပေါမြို့နယ် လုံတောင်း ကျေးရွာအုပ်စု ပါကမ်း-နမ့်လင်း-ခိုင်မွန်း-ပန်လောင်း-ပုံလျန်းကျေးရွာချင်းဆက်လမ်း ၉ မိုင်အနက် ၃ မိုင်အား အမာခံဖြုန်းကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

Post Paragraph