နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်              
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် (၂၀-၂-၂၀၁၇) ရက်နေ့မှ (၂၃-၂-၂၀၁၇) ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ရှေးဦးစွာ (၂၀-၂-၂၀၁၇) ရက်နေ့တွင် အမြဲတမ်းအတွင်း၀န်နှင့် အဖွဲ့သည် ထား၀ယ် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိကာ ၀န်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ထိုမှတဆင့် (၄) ခန်းတွဲ၀န်ထမ်းအိမ်ရာနှင့် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးဟောင်းအား ကြည့်ရှုစစ်ဆေးပြီးနောက် လက်ထောက်ညွှန်ကြားရေးမှူးနေအိမ် တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးကာ တာ၀န်ရှိသူများအား သတ်မှတ်ရက်ပြီးစီးရေးနှင့် အရည်အသွေး ကောင်းမွန်စေရန် မှာကြားခဲ့ပါသည်။
    (၂၁-၂-၂၀၁၇) ရက်နေ့တွင် အမြဲတမ်းအတွင်း၀န်နှင့် အဖွဲ့သည် တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ဧကနိ-ရငဲကျေးရွာချင်းဆက်လမ်း (၂/၅) မိုင် ကျောက်လမ်း ခင်းခြင်းအားလည်းကောင်း၊ ဒူးတောင်-မြန်မာရှင်ထဘီ ကျေးရွာချင်းဆက်လမ်း (၅/၄) မိုင် မြေသားလမ်းခင်းခြင်းအား လည်းကောင်း၊ ဖားချောင်း-ကုန်းယက်အင်း-ရငဲလမ်း (၆/၀) မိုင် မြေသားလမ်းခင်းခြင်းအား လည်းကောင်း၊ ဖားချောင်း-တောင်ရင်းအင်း-ပင်းလက်ကျ-ဆယ်အိမ်စုလမ်း (၄/၀) မိုင် မြေသားလမ်းခင်းခြင်းအား လည်းကောင်း၊ သဲချောင်းကျေးရွာ၊ ရွာလယ်လမ်း (၃/၂) မိုင်ကျောက်လမ်းခင်းခြင်းအား လည်းကောင်း၊ ဖောင်းတောကျေးရွာ အ၀င်လမ်း (၁/၀) မိုင် ကျောက်လမ်းခင်းခြင်းအား လည်းကောင်း၊ ဇင်းဘာကျေးရွာ အ၀င်လမ်း (၂/၀) မိုင် ကျောက်လမ်းခင်းခြင်းအားလည်းကောင်း၊ ရေဖြူမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (၂) ခန်းတွဲ ၀န်ထမ်းအိမ်ရာ တည်ဆောက်ထားရှိမှုနှင့် ကျခတ္တပင်အင်းကျေးရွာ (၂/၆) မိုင် ကျောက်လမ်းခင်းခြင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာ၀န်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများ အား အရည်အသွေးပြည့်မှီစေရေး၊ သတ်မှတ်စံချိန်စံညွှန်း ကောင်းမွန်အောင် ဆောင်ရွက် သွားရန်နှင့် မိမိတို့ ဌာနအနေဖြင့်လည်း ဒေသခံတာ၀န်ရှိသူ၀န်ထမ်းများမှ လာရောက် ကြည့်ရှုစစ်ဆေးကာ အရည်အသွေးမှန်/မမှန် စစ်ဆေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ခဲ့ပါသည်။
    (၂၂-၂-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် အမြဲတမ်းအတွင်း၀န်နှင့် အဖွဲ့သည် တနင်္သာရီ တိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ကရင်ထဘီကျေးရွာအ၀င် မြေလမ်း (၃/၂) မိုင်နှင့် ကရင်ရှင်ထဘီကျေးရွာ အ၀င်လမ်း (၃/၂) မိုင်ကျောက်လမ်းခင်းခြင်း လုပ်ငန်းအား လည်း ကောင်း၊ အိန္ဒိယရာဇာ-ဆင့်ကူး-လယ်ကြီး-မင်းသား-ဆင်စွယ်-ရေငံကြီး-စိန်ဘုံလမ်း (၇/၂) မိုင် မြေသားလမ်းခင်းခြင်းနှင့် အိန္ဒိယရာဇာ-ဆင့်ကူးလမ်း (၁/၀) မိုင် ကျောက်လမ်းခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
    (၂၃-၂-၂၀၁၇) ရက်နေ့တွင် အမြဲတမ်းအတွင်း၀န်နှင့် အဖွဲ့သည် ထား၀ယ်မြို့၌ နယ်စပ်ရေးရာ၀န်ကြီးဌာန စက်မှုကျောင်း၌ ယာဉ်/ယန္တရားများ ထားရှိမှု့အား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

Post Paragraph