နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် သင်တန်းများဖွင့်လှစ်

ရန်ကုန် ဖေဖော်ဝါရီ ၁၉
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် ဘဏ္ဍာရေးစည်းမျဉ်းအထူးသင်တန်းအမှတ်စဉ် (၂၉)၊ ပစ္စည်းထိန်းသင်တန်းအမှတ်စဉ် (၆) နှင့် ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်းအမှတ်စဉ် (၂၀) သင်တန်းများဖွင့်ပွဲအခမ်းအနားကို ၁၉-၂-၂၀၁၈ ရက်နေ့နံနက် (၀၉:၀၀) နာရီတွင် ဗဟိုလေ့ကျင်းရေးကျောင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်မှ ကျောင်းအုပ်ကြီး ဒေါက်တာမင်းသန့် တက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကားပြောကြား ခဲ့ပါသည်။
    သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဘဏ္ဍာရေးစည်းမျဉ်းအထူးသင်တန်းအမှတ်စဉ် (၂၉)၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့မှ သင်တန်းသား/သူ (၆၂)ဦး၊ ပစ္စည်းထိန်းသင်တန်းအမှတ်စဉ် (၆) ၌ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ သင်တန်းသူ (၂၉) ဦး၊ ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၂၀) ၌ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ သင်တန်းသူ (၁၄၂) ဦး၊ စုစုပေါင်း သင်တန်းသား/သူ (၂၃၃) ဦးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ၊ ဝန်ထမ်းများ စုစုပေါင်းအင်အား (၂၈၀) ဦး တက်ရောက်ခဲ့ပါသည်။
    ဘဏ္ဍာရေးစည်းမျဉ်းအထူး သင်တန်းအမှတ်စဉ် (၂၉) နှင့် ပစ္စည်းထိန်းသင်တန်း အမှတ်စဉ် (၆) သင်တန်းတို့ကို ၁၉-၂-၂၀၁၈ရက်နေ့မှ ၃၀-၃-၂၀၁၈ရက်နေ့ထိ ရက်သတ္တ (၆) ပတ်ဖြင့် လည်းကောင်း၊ ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်းအမှတ်စဉ် (၂၀)သင်တန်းကို ၁၉-၂-၂၀၁၈ ရက်နေ့မှ ၁၆-၃-၂၀၁၈ ရက်နေ့ထိ ရက်သတ္တ (၄) ပတ်ဖြင့်လည်းကောင်း ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။

 

Post Paragraph