နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးလာရောက်တွေ့ဆုံ

နေပြည်တော် မေလ   ၂၅  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrick သည် ယနေ့နေ့လည် (၁) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဗြိတိန်နိုင်ငံတို့ပူးပေါင်း၍ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် IDP များအား ထောက်ပံ့ကူညီရေး လုပ်ငန်းစဉ်များအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၅၀) သန်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကဏ္ဍ၊ လွှတ်တော်၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ဆက်ဆံရေးကဏ္ဍ၊ ကျန်းမာရေးနှင့်ပညာရေး ကဏ္ဍနှင့် IDP များအား လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးကဏ္ဍ စသည့်ကဏ္ဍ  (၄) ရပ်အား ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်ဖြင့် အကူအညီ ပေးနေမှုအခြေအနေများအား  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် Brithish Council တို့ပူးပေါင်း၍ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၌ ဆရာ/ဆရာမများအား သင်ကြားမှု စွမ်းရည်မြှင့်တင်နိုင်ရန်အတွက် English for Education College Trainer (EfECT) သင်တန်းအား ၂၀၁၅ ခုနှစ်၊ မေလမှ ၂၀၁၆ ခုနှစ်၊ သြဂုတ်လအထိ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။