ရန်ကုန်၊ ဇွန် (၁)
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း၏ ဖိတ်ကြားချက်အရ (၁-၆-၂၀၁၇) ရက်နေ့မှ (၇-၆-၂၀၁၇) ရက်နေ့ထိ ဂျပန်နိုင်ငံရှိ တက္ကသိုလ်၊ ဆရာအတတ်သင်ကောလိပ်၊ အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းများအား လေ့လာရန်နှင့် နိပွန်ဖောင်ဒေးရှင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့အကြား ဆက်လက်ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ယနေ့နံနက်တွင် ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။