နေပြည်တော် သြဂုတ် ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ် ရွှေမြိုင်ပရိယတ္တိ စာသင်တိုက်ရှိ သံဃာတော်များ၊ စာသင်သား သာမဏေ များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်/ တိုင်း ဒေသကြီး အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းတွင် ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကုလားပဲများနှင့် လှူဖွယ်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။