နေပြည်တော်၊ စက်တင်ဘာလ ၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးနှင့် အခြား ဘာသာရေး ကျောင်းများသို့ စားသောက်ရေးကိစ္စများ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား နှင့် ပဲ အမယ်လေးမျိုးကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (မုံရွာ) ကွပ်ကဲမှုအောက်ရှိ ကသာခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ကသာမြို့ “ပတ္တမြားမြို့ဦး သီလရှင်ကျောင်း” သို့ ကသာခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်၊ ကသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထက်ဝင်း၊ ကသာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်နှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆက်ကပ်လှူဒါန်းကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြားခရိုင်၊ မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားဘာသာကျောင်းများသို့လည်း ဆွမ်း၊ ကွမ်း၊ အခက်အခဲ မရှိစေ ရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးကို ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။