လွိုင်ကော်၊ ဩဂုတ် ၂၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများအနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ ၌ ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်းဆန်တော် အခက်အခဲ မရှိစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများအား ထောက်ပံ့လှူဒါန်းလျှက်ရှိပါသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ သြဂုတ်လ ၂၆ ရက်နေ့တွင် ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံး ညွှန်ကြားရေးမှူး ဦးသန့်ဇင်မှ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ထေးသမရပ်ကွက်၊ ကန္တရဝတီ ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သံဃာများအတွက် ဆွမ်းဆန်တော၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကယားပြည်နယ်၊ ခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်း များသို့လည်း ဆက်လက်ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။