နယ်စပ်ရေးရာဝန်ကြီးဌာနက မွန်ပြည်နယ်အတွင်းဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

သထုံ ဩဂုတ် ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် မွန်ပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ဆွမ်းကွမ်းအဆင်ပြေ စေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးလှူဒါန်းလျက်ရှိရာ သထုံခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် သထုံမြို့၊ နန်းခဲရပ်ကွက်၊ မြသပိတ်တောင်ခြေရှိ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက် ဆရာတော်ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Post Paragraph