နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိရာ မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးနှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ စိန်မမပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော်ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား နှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားဘာသာရေးကျောင်းများသို့လည်း ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။