နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းငါးခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် တောင်ခြေကျေးရွာ အုပ်စု တံတားကြီး ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများသည် ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။
အဆိုပါ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေဖူလုံစွာရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဒေသခံတောင်သူများ အနေဖြင့် မြေပဲ၊ နေကြာ၊ ဂျုံ၊ စပါး၊ ခရမ်းချဉ်၊ ပဲပုပ်၊ ပြောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများ စိုက်ပျိုးရာတွင် ယခင်ကထက် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်းသိရသည်။
 

Post Paragraph