နေပြည်တော်၊ ဩဂုတ်လ ၂၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့် တာဝန်ရှိသူများသည် သြဂုတ်လ ၂၇ ရက်နေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္မူသီရိမြို့နယ်၊ အေးမြရွှေပြည် ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားစားသောက်ဖွယ်ရာ များအပြင် သံဃာတော် များ၊စာသင်သားသာမဏေများအတွက် ဗလာစာအုပ်နှင့် စာရေးကိရိယာများ အားလှူဒါန်း ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်းကွမ်းအခက် အခဲမရှိစေရေးအတွက် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကုလားပဲများကို ဒေသအလိုက် ထောက်ပံ့ ကူညီလှူဒါန်း လျက်ရှိကြောင်း သတင်းရရှိပါသည်။
Post Paragraph
Paragraph Images