ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံးအကြားအလပ်မရှိ တောင်တန်း မြေပြန့်မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဟိုပုံးမြို့နယ် စငေါ့ကျေးရွာအုပ်စုနှင့် စံဖူးကျေးရွာအုပ်စုတို့ရှိ ဘန့်ပိန်း-ဟိုဟွေး လမ်း ၄ မိုင် ၂ ဖာလုံအနက် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်း၊ ၅ ပေ Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေကျပ် ၂၇၇ ဒသမ ၂၅၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ပအိုဝ်းဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝာာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။
   အဆိုပါလမ်းဖောက်လုပ်ပြီးစီးမှုကြောင့် ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာရှစ်ရွာ၊ လူဦးရေ ၄၂၉၃ ဦးတို့၏ လူမှုစီးပွားဘဝများအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအနေဖြင့် များစွာဝမ်းမြောက်ပျော်ရွှင်လျက် ရှိကြောင်း သိရသည်။
 

Post Paragraph