ပင်လောင်းမြို့နယ် လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ပင်လောင်း  အောက်တိုဘာ  ၂၄ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပင်လောင်း)တွင် လူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက လူငယ်နှင့်ပတ်သက်သည့်အကြောင်းအရာများကိုဦးဆောင်ဆွေးနွေးပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများဖြစ်သည့် စိုင်းအောင်ခမ်းလင်း၊ မူခမ်းကျော်တို့က လူငယ်နှင့်ရည်မှန်းချက်၊ မောင်ထက်ဝေယံ၊ မူငဲဖြူတို့က လူငယ်နှင့်စာရိတ္တ၊ ခွန်သက်ကလယ်၊ မသီသီအောင်တို့က မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
     ဆွေးနွေးပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လောင်း)မှ ကျောင်းအုပ်ဦးဆလိုင်းမြင့်နိုင်၊ ဒုတိယကျောင်းအုပ်ဦးနိုင်ဦး၊ ဆရာ၊ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပြီး အဆိုပါဆွေးနွေးပွဲကို   ကျောင်းပိတ်ရက်များတွင် အခါအားလျော်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်အာကာစိုး(ပင်လောင်း)

Post Paragraph