နေပြည်တော်၊ ဖေဖော်ဝါရီလ ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Roland Kobia သည် ယနေ့နေ့လည် (၂) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၏ အောင်မြင်ဖြစ်ထွန်းမှု များ၊ UN, NGOs, INGOs အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်၊ မောင်တောဒေသ၏ လက်ရှိတည်ငြိမ်အေးချမ်းမှုကို ဆက်လက်၍ ပိုမို ကောင်းမွန်အောင် ဆောင်ရွက်နေမှုများ၊ နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း ရေရှည်သဟဇာတ ဖြစ်စွာ အတူလက်တွဲနေထိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်အစိုးရ၊ အလှူရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ထောက်ပံ့ပေးနေမှုများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံ ဝိုင်းဝန်းကူညီထောက်ပံ့ပေးနေမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဥရောပ သမဂ္ဂအဖွဲ့တို့ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။