ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ ပြည်သူများအားတွေ့ဆုံ ငွေကျပ် သိန်း ၄ဝဝဝ ကျော်တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်း၊ လယ်ယာသုံးပစ္စည်းများပေးအပ်

မောင်တော သြဂုတ် ၁၄

     ရခိုင်ပြည်နယ်၌ ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင် ပြည်နယ် အစိုးရဖွဲ့မှ တာဝန်ရှိသူများ သည် ယနေ့နံနက် ၇ နာရီခွဲတွင် စစ်တွေမြို့ မဏိရတနာကျောင်းတိုက် သို့ သွားရောက်ကာ နိုင်ငံတော် သြဝါဒါ စရိယ ဆရာတော်ကြီးများအား ဖူးမြော် ကြည်ညိုပြီး ရခိုင်ပြည်နယ် တည်ငြိမ် ရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြ လျှောက်ထားကြသည်။

     တင်ပြလျှောက်ထားချက်များနှင့် ပတ်သက်ပြီး ဆရာတော်၊ သံဃာတော် များက ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ် ရေး၊ လုံခြုံရေးကိစ္စရပ်များကို ဆောင် ရွက်ရာတွင် ရေရှည်အကျိုးကိုကြည့်ပြီး ဖော်ဆောင်သွားကြရန် မိန့်ကြားကြ သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး များနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆရာတော်၊ သံဃာတော်များထံ လှူဖွယ် ပစ္စည်များ ဆက်ကပ်လှူဒါန်းကြသည်။

     ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများနှင့်အဖွဲ့သည် ကိုင်းကြီး ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံ တိုင်းရင်းသားများကို နှစ်သိမ့်အားပေး ကာ နှစ်လစာ ဆန်၊ ဆီ၊ ဆား၊ ပဲ စားနပ် ရိက္ခာများနှင့် အက်ဖ်အမ်ရေဒီယိုများ ထောက်ပံ့ပေး အပ်ပြီး ဇူလိုင် ၃ ရက်က အကြမ်းဖက်သတ်ဖြတ်ခံရသည့် မြို တိုင်းရင်းသားရှစ်ဦး၏ ကျန်ရစ်သူမိသား စုရှစ်စုအတွက် နယ်စပ်ရေးရာ ဝန်ကြီး ဌာနက မိသားစုတစ်စုလျှင် ငွေကျပ် သုံးသိန်းစီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ငွေကျပ် သုံးသိန်းစီ ထောက်ပံ့ပေးအပ်ပြီး ကိုင်းကြီး (မြို) ရွာလမ်းသစ်ဖောက်လုပ်ရန်၊ စာသင် ကျောင်းဆောက်လုပ်ပေးရန်နှင့် လုံခြုံ ရေးကိစ္စရပ်များ ဆောင်ရွက်ပေး ရန် အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။

     ထို့နောက် ရွှေဗဟိုလ် (နတလ) ကျေးရွာတည်ဆောက်ထားမှုကို ကြည့်ရှု စစ်ဆေးကြသည်။

     မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးများနှင့်အဖွဲ့သည် မောင်တော မြို့နယ် သီရိမင်္ဂလာခန်းမ၌ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံသည်။ တွေ့ဆုံ ပွဲတွင် ပြည်ထောင်စုဝန်ကြီးများက ပြည်ထောင်စုအစိုးရသည် ရခိုင် ပြည်နယ်နှင့် ဘူးသီးတောင်၊ မောင်တော ဒေသကို အထူးဒေသအဖြစ် သတ်မှတ် ကာ ခွင့်ပြုရန်ပုံငွေများတိုးမြှင့်ချထား ပေးပြီး တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်းပြောကြားကြပြီး ဒေသခံပြည်သူများ၏ နယ်မြေဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ပေးရန် တင်ပြမှုများအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

     တွေ့ဆုံပွဲအပြီးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မောင်တောခရိုင်အတွင်းရှိ ကျေးရွာများ အတွက် အက်ဖ်အမ်ရေဒီယို အလုံး ၁ဝဝဝ ပေးအပ်ရာ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက လက်ခံရ ယူသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မောင်တော ခရိုင်အတွင်းရှိ တိုင်းရင်းသားပြည်သူ များအတွက် အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာကော်မတီမှ ထောက်ပံ့ သော စုစုပေါင်း တန်ဖိုးငွေကျပ် ၃၈၄၈ ဒသမ ၂ သိန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ စားသောက် ကုန်ပစ္စည်း နှစ်လစာ ထောက်ပံ့ပေးအပ်ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က လက်ခံရယူသည်။

     ထို့နောက် နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ရခိုင်ပြည်နယ်အတွက် ထောက်ပံ့ သည့် လက်တွန်းစပါးရိတ်စက်တစ်စီး လျှင် ငွေကျပ်၂၅ သိန်းနှုန်းဖြင့် ၁၁ စီး အတွက် ငွေကျပ်၂၇၅ သိန်း၊ စပါး ခြွေလှေ့စက်တစ်စီးလျှင် ငွေကျပ် သိန်း ၄ဝ နှုန်းဖြင့် သုံးစီးအတွက် ငွေကျပ် သိန်း ၁၂ဝ၊ 3KVA မီးစက်တစ်လုံးလျှင် ငွေကျပ်သုံးသိန်းနှုန်းဖြင့် မီးစက်အလုံး ၂ဝ အတွက် ငွေကျပ်သိန်း ၆ဝ စုစုပေါင်း ငွေကျပ် ၄၅၅ သိန်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပေးအပ်ရာ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က လက်ခံရ ယူသည်။ ယနေ့ တွေ့ဆုံပွဲတွင် ပြည်ထောင်စုအစိုးရက ထောက်ပံ့သည့် ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးမှာ ငွေ$ကျပ် ၄၃ဝ၃ ဒသမ ၂ သိန်း ဖြစ်ကြောင်း သိရသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီး များနှင့်အဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ခန်းမ၌ မောင်တောမြို့ပေါ်ရှိ အစ္စလာမ်ဘာသာဝင် ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံ ပြီး ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများတွင် လိုအပ်ချက်များ ဆောင် ရွက်ပေးရန်အတွက် ပထမအရစ် ငွေကျပ် ၂၉၈ ဒသမ ၆၄၅ သန်းကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ထောက်ပံ့ပေးအပ်ရာ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက လက်ခံ ရယူသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး များနှင့်အဖွဲ့သည် ညနေ ၄ နာရီခွဲ တွင် ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ရာ ဘူးသီးတောင်မြို့နယ်မှ ဒေသခံ ပြည်သူများက နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ် များ တိုးမြှင့်ဆောင်ရွက်ပေးရန် တင်ပြ မှုများအပေါ် ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

သတင်းနှင့် ဓာတ်ပုံ-အေဝမ်းစိုး၊ မျိုးသူဟိန်း