ပူတာအိုမြို့ ဟိုခိုဘုန်းတော်ကြီးကျောင်း၌ ဆွမ်းစားဆောင် ဆောက်လုပ်

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၆၉ ဒသမ ၂၄၉ သန်းဖြင့် ဆောင်ရွက်ခဲ့သော ကချင်ပြည်နယ် ပူတာအိုမြို့ ဟိုခိုဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ခြင်းလုပ်ငန်းကို ယခုအခါရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။
   နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကချင်ပြည်နယ်အတွင်း လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား လုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ရေးလုပ်ငန်းစသည့် ဖွံ့ဖြိုးရေး လုပ်ငန်း ၃၄ ခုကို ခွင့်ပြုရန်ပုံငွေကျပ် ၅၄၈၈ ဒသမ ၈၈၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph