ရေးဖြေစာမေးပွဲ ဖြေဆိုမည့်ရက်အား အကန့်အသတ်မရှိရွေ့ဆိုင်းခြင်း

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) အား ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ (၁၁-၃-၂၀၂၀) ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့မှုအပေါ် နိုင်ငံတော်သမ္မတရုံးမှလည်း ထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။
    သို့ဖြစ်ပါ၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် အငယ်တန်းစာရေး၊ ယာဉ်မောင်း၊ ရုံးအကူ၊ သန့်ရှင်းရေးရာထူးနေရာများအတွက် လျှောက်လွှာများ ခေါ်ယူထားခြင်းနှင့် စပ်လျဉ်း၍ အငယ်တန်းစာရေး ရာထူးအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုမည့်ရက်အား အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားပါကြောင်း နှင့် ဖြေဆိုရမည့်ရက်အား ထပ်မံ ကြေညာပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။

 

Post Paragraph