တနင်္သာရီတိုင်းဒေသကြီး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေဖြူမြို့နယ် ဖားချောင်း-မင်းလက်ကျ-တောင်ရင်းအင်း-ဆယ်အိမ်စု (ကလိန်အောင်-ကံပေါက်)သို့ ဆက်သွယ်သည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၃၄ ဒသမ ၆၆၇ သန်းဖြင့် ရေဖြူမြို့နယ် ဖားချောင်း-မင်းလက်ကျ-တောင်ရင်းအင်း-ဆယ်အိမ်စု (ကလိန်အောင်-ကံပေါက်)သို့ ဆက်သွယ်သည့် ကျောက်လမ်း ၉/၀ မိုင်မှ ၁/၀ မိုင် ဆောင်ရွက်ပြီး ကျန် ၈/၀ မိုင်အနက် ၁/၀ မိုင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား May Tectonic ကုမ္မဏီက တာဝန်ယူဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Post Paragraph
Paragraph Images