ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သော ရခိုင်ပြည်နယ် စစ်တွေမြို့ ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းသင် ပညာရေးကျောင်း ၁၀၀'x၃၀'x၂၄' RC နှစ်ထပ် စာသင်ဆောင်တစ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
    အဆိုပါ နှစ်ထပ်စာသင်ဆောင်ဆောက်လုပ်ပေးနိုင်ခဲ့သဖြင့် ဝေဠုဝန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ပညာသင်ကြားလျက်ရှိသော ဆင်းရဲနွမ်းပါးနှင့် မိဘမဲ့ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေးကို ထိရောက်စွာ အကျိုးပြုနိုင်မည်ဖြစ်ပြီး ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်သည်။
    ရခိုင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း ၁ မိုင် ၁ ဒသမ ၂၅ ဖာလုံ၊ မြေထိန်းနံရံပေ ၂၁၆၀၊ နှစ်ထပ်စာသင်ဆောင် တစ်ဆောင်နှင့် ဂါလန် ၁၀၀၀၀ ဆံ့ ရေကန်တစ်ကန် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
 

Post Paragraph