ရှမ်းပြည်နယ် (မြောက်ပိုင်း) အစားထိုးသီးနှံစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၏ ပဉ္စမအကြိမ် စီမံကိန်းပူးတွဲ ညှိနှိုင်းရေးကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂၅
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အစားထိုး သီးနှံစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း၏ ပဉ္စမအကြိမ် စီမံကိန်း ပူးတွဲညှိနှိုင်း ရေးကော်မတီအစည်းအဝေးအား ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ အမရဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    အစည်းအဝေးတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ရန်ကုန်မြို့ရှိ JICA မြန်မာရုံးမှ Senior Representative ဖြစ်သူ Mr. Kotaro NISHIGATA တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) အစားထိုးသီးနှံစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း နှင့် ပတ်သက်သည်များကို စီမံကိန်းမှ ကျွမ်းကျင်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ အသီးသီးမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
    အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် စီမံကိန်းပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
    အဆိုပါ စီမံကိန်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျောက်မဲခရိုင်၊ မူဆယ်ခရိုင်၊ လောက်ကိုင်ခရိုင်၊ လားရှိုးခရိုင်များတွင် အမေရိကန်ဒေါ်လာ (၆.၄၁)သန်းဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၅)နှစ်ကြာ ဆောင်ရွက်လျက်ရှိပြီး လယ်ယာစိုက်ပျိုးရေးစနစ် တိုးမြှင့်ရေး၊ စိုက်ပျိုးရေးကဏ္ဍ တိုးချဲ့ဆောင်ရွက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိပါသည်။

 

Post Paragraph