ထားဝယ်မြို့၌ မီးဘေးလုံခြုံရေးအသိပညာပေး

   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနက ဦးစီး၍ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့ မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်မှုများကို ထားဝယ်မြို့၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။
    ဦးစွာ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ထွန်းဝင်းက မီးလောင်မှု ဖြစ်ပွားရခြင်း အကြောင်းရင်းများ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေအနေများ၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်နာရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး ဟောပြောသည်။
    ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက DCP မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ အောက်စီဂျင် ဖြတ်တောက်သည့် နည်းစနစ်ဖြင့် ဖုံးအုပ်မီးငြှိမ်းသတ်ခြင်း၊ ရေစိုအဝတ်များ အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ‌လောင်စာဆီကြောင့် လောင်ကျွမ်းသောမီးအား ငြှိမ်းသတ်နည်းနှင့် ကြိုတင် ကာကွယ်ရမည့် နည်းစနစ်များကို သရုပ်ပြခဲ့ကြပြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ဝန်ထမ်းများက လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
 

Post Paragraph