တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စု ကက္ကူ-ဂနိုင်ထော့ကျေးရွာချင်းဆက်လမ်း ကျောက်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီး ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအကြားအလပ်မရှိ တောင်တန်းမြေပြန့် မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။
    ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တောင်ကြီးမြို့နယ်၊ ကက္ကူ ကျေးရွာအုပ်စု၊ ကက္ကူ- ဂနိုင်ထော့ကျေးရွာချင်းဆက်လမ်း ကျောက်လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် ၂၅၀ ဒသမ ၆၅၅ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။ ယခုကဲ့သို့ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာ ၁၁ ရွာမှ လူဦးရေ ၄၇၃၅ ဦးနှင့် ခရီးသွားလာမည့် ဒေသခံများကို များစွာအကျိုးရှိစေမည့်အပြင် ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးကိစ္စရပ်များနှင့် စိုက်ပျိုးရေးထွက်ကုန်များအတွက် များစွာ အကျိုးပြုနိင်မည်ဖြစ်သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၄၀/၆ မိုင်၊ အမာခံလမ်း ၃/၂ မိုင်၊ ကျောက်လမ်း ၂၅/၅ မိုင်၊ ကတ္တရာလမ်း ၁/၄ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၇/၂ မိုင်၊ ကွန်ကရစ်လမ်း ၂/၃ မိုင်၊ ကွန်ကရစ်တံတား ၁၂ စင်း၊ Box Culvert ၁၅၆ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်း ၄ ခု၊ ကျောက်စီရေမြောင်းလုပ်ငန်း ၃ ခု၊ မြေထိန်း နံရံလုပ်ငန်း ၁ ခု၊ အုတ်ခြံစည်းရိုးကာရံခြင်း ၁ ခု၊ အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်း ၄ တွင်း၊ တန်ဖိုးနည်း အိမ်ရာ ၁ လုံး၊ သာသနာရေးလုပ်ငန်း ၁၇ ခုနှင့် ဦးစီးဌာနလုပ်ငန်း ၃ ခုကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၁၂၃၆ ဒသမ ၉၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
 

Post Paragraph