တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာလ ၁၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်းကွမ်း အခက်အခဲမရှိစေရန်အတွက် တနင်္သာရီတိုင်း ဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်) ကွပ်ကဲမှုအောက်ရှိ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။  
    ထိုသို့ လှူဒါန်းလျက်ရှိရာ ဘုတ်ပြင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုကျော်နှင့် တာဝန်ရှိသူများက ဓမ္မအလင်းရောင်ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများအား သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်များ ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားဘာသာရေးကျောင်းများသို့လည်း ဆွမ်းကိစ္စရပ်များ အဆင်ပြေရန်ရည်ရွယ်၍ ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ ကုလားပဲများအား ဆက်လက်လှူဒါန်းသွားမည်ဖြစ် ကြောင်းသိရသည်။

Post Paragraph