၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ပွင့်လင်းမြင်သာစွာ တင်ဒါဖွင့်လှစ်ဆောင်ရွက်

နေပြည်တော်     ဇွန်  ၂၆ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ   (ကျပ် ၃၃.၀ ဘီလီယံ) ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်မည့် လမ်းတံတားလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ စိုက်ပျိုးရေးရရှိရေးလုပ်ငန်း၊ သောက်သုံးရေ ရရှိရေးလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း၊ သာသနာရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍တင်ဒါများခေါ်ယူခဲ့ပြီး ယနေ့နံနက် (၁၀)နာရီ အချိန်တွင် တင်ဒါဖွင့်လှစ်ပွဲ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးအမှတ် (၄၂) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ တင်ဒါစိစစ်ရွေးချယ်ရေး ဗဟိုအဖွဲ့ ဉက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
     ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် Lot-၁၂၇ ခုအတွက် ကုမ္မဏီပေါင်း (၅၈၀) ခုတို့အား တင်ဒါခေါ်ယူ၍ ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

Post Paragraph