December 2022

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H. E. Mr. Mongkol Visitstump အား လက်ခံတွေ့ဆုံ

ဒီဇင်ဘာလ  ၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး  H. E. Mr. Mongkol Visitstump အား ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာလ  ၆   ရက်
   နယ်စပ်ရေးရာဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည်  ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့်  တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲသို့ သွားရောက်၍ ရုံးဝန်းအတွင်းရှိ အဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။  

standard

အမ်းမြို့ရှိ စွယ်တော်ကျောင်းတိုက်နှင့် ဓမ္မရက္ခိတ ဝိပဿနာကျောင်းတိုက်ရှိ ဆရာတော်ကြီးများထံ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန ရခိုင်ပြည်နယ် အမ်းမြို့နယ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမြင့်နှင့် ဝန်ထမ်းများ ဒီဇင်ဘာ ၁ ရက်က အမ်းမြို့ရှိ စွယ်တော်ကျောင်းတိုက်နှင့် ဓမ္မရက္ခိတ ဝိပဿနာကျောင်းတိုက်ရှိ ဆရာတော်ကြီးများထံ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

standard