နယ်စပ်ရေးရာဝန်ကြီးဌာန အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ ၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး နှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိ သည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ဖွင့်လှစ်ပေးခဲ့သည့် အင်္ဂလိပ်စာ စွမ်းရည်တိုးတက်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။