ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ဝမ် (Yao Wen) က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စနှင့်စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ် www.dhakatribune.com သတင်းမီဒီယာသို့ ပြောကြားခဲ့သည့် “Envoy: Those continued claiming Myanmar situation ‘not conducive’ for repatriation never visited Rakhine” ခေါင်းစဉ်ဖြင့် ဖော်ပြပါရှိမှုအား မြန်မာသံရုံး၊ ဒါကာမြို့မှ ကောက်နုတ်ချက်သတင်း

၁။    ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ဝမ် (Yao Wen) က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများသည် နေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် မဖြစ်နိုင်ကြောင်း ပြောကြားနေသူ များမှာ ရခိုင်ဒေသသို့ သွားရောက်ခဲ့ဖူးခြင်း မရှိသူများ ဖြစ်ကြောင်း။
၂။    မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ဘင်္ဂါလီ (၎င်းတို့ဘက်မှ ရိုဟင်ဂျာဟု သုံးစွဲခဲ့) အရေးကိစ္စနှင့်စပ်လျဉ်း၍ အခက်ကြုံနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေကြောင်းနှင့် ဒုက္ခသည် စခန်းများအတွင်း လုံခြုံရေးအခြေအနေများသည် ဆိုးဝါးလာလျက်ရှိကြောင်း။
၃။    ပြည်ပထောက်ပံ့မှု လျော့ကျလာခြင်းကြောင့် နေရပ်စွန့်ခွာသူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုများ လျော့ကျလာသဖြင့် ၎င်းတို့ရှင်သန်နေထိုင်ရေးအတွက် လုံလောက်မှုမရှိတော့ ကြောင်း။
၄။    ဘင်္ဂါလီ (၎င်းတို့ဘက်မှ ရိုဟင်ဂျာဟု သုံးစွဲခဲ့) အရေးကိစ္စသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြားကိစ္စရပ်ဖြစ်သော်လည်း တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံလုံး၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်လည်း ဖြစ်သည့်အတွက် ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းရန်အလို့ငှါ နှစ်ဖက်မတူညီမှုများကို ဖြေရှင်းနိုင်ရန် အားပေးနေခြင်း ဖြစ်ကြောင်း။
၅။    နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ကူညီထောက်ပံ့ပေးပါရန် တိုက်တွန်းပါကြောင်း၊ မြန်မာဘက်အနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်ရေးအတွက် လိုက်လျောညီထွေဖြစ်မှု ရှိသည်ကို ပြသခဲ့ပြီးဖြစ်ကြောင်း။
၆။    မြန်မာဘက်၏ ဖိတ်ကြားမှုဖြင့် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့နှင့် ရခိုင်ပြည်နယ်သို့       Go-and-See နှင့် Go-and-Talk ခရီးစဉ်များ လိုက်ပါခဲ့ပြီး လက်ရှိအခြေအနေများကို မြင်တွေ့ခဲ့ပါ ကြောင်း။
၇။    ပထမအသုတ်နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်ရေးအတွက် နှစ်နိုင်ငံလုပ်ငန်းညှိနှိုင်း အဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ကြားဝင်ကူညီမှုကြောင့် တရုတ် အစိုးရအပေါ် နှစ်နိုင်ငံလုံး၏ အလေးထားမှု၊ အသိအမှတ်ပြုမှုနှင့် ယုံကြည်မှုတို့ ရရှိခဲ့ပါကြောင်း။