မိုင်းခတ်မြို့နယ်အတွင်း ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

မေလ  ၂၈    ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသများ အမြန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် များစွာ အထောက် အကူပြုသည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ် ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၄၄ ဒသမ ၁၁၈ သန်းဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်း မိုင်းခတ် - မိုင်းညှင်း မြေသားလမ်း ၂၂ မိုင်အနက် ၁ မိုင် ၄ ဖာလုံ ကျောက်ချောလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း ၁၀၀ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် တာဝန်ရှိသူများ ယနေ့တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။