မိုင်းခတ်မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီး

   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ မိုင်းခတ်-မိုင်းညှင်းလမ်း ၂၂/၀ မိုင်အနက် ၂/၀ မိုင် ကျောက်လမ်းပြင်/ထိန်း ဆောင်ရွက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး ဆောင်ရွက်မှုကို ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများက ဧပြီ ၂၆ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
    အဆိုပါ မိုင်းခတ်-မိုင်းညှင်း ၂၂/၀ မိုင်လမ်းပိုင်းကို နှစ်စဉ်ဘဏ္ဍာနှစ်များအလိုက် နယ်စပ် ဒေသဖွံ့ဖြိုးရေး (ပြည်‌ထောင်စု၊ ပြည်နယ်)ရန်ပုံငွေများဖြင့် ကျောက်လမ်း ၁၂/၄ မိုင်၊ Box Culvert အစင်း ၄၀၊ ကွန်ကရစ်တံတားနှင့် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ ‌ဆောင်ရွက်ခဲ့ပြီး ၂/၀ မိုင် ကျောက်လမ်း ပြင်/ထိန်း ဆောင်ရွက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ မိုင်းခတ်မြို့နယ်အတွင်းရှိ ကျေးရွာ ၄၂ ရွာမှ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph