နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကျင်းပ
နေပြည်တော်၊ ဇူလိုင် ၃
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတ်ယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဝန်ကြီးရုံး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနများမှ ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နေ့လည် (၂:၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကျင်းပ
နေပြည်တော် ၂၀၁၇ ဇွန် ၃၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နေ့လည် (၁း၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ဦးစီးဌာနရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။
ထိန်ညိုတောင်ကိုကျော်၍ နာဂသွေးချင်းများရှိရာဆီသို့
လဟယ်ဆိုသည့်အသံကြားလိုက်သည်နှင့် တော်တော်များများက တွန့်သွားတတ်ကြသည်။ သွားလေရော့ လဟယ်ဆိုသည့် စကားစုနှင့်တွဲဖက် ၍ ဝိသေသပြုလိုက်သောအခါ လဟယ်ဆိုသည် မှာ အလွန်ဝေးလံသော၊ အလွန်ခေါင်ဖျားသော၊ အလွန်သွားလာရခက်ခဲသော နေရာဒေသတစ်ခု အဖြစ် မြင်သွားတတ်ကြသည်။ တွေးထင်သွားတတ် ကြသည်။ စိုးရိမ်ပူပန်မှုတွေ မြင့်တက်သွားတတ် ကြသည်။ သောကတွေ ဝေသွားတတ်ကြသည်။ သို့သော်...
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ
နေပြည်တော် ဇွန် ၁၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။