နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊     မေ လ  ၃၁  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၃၀-၅-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက် ရှိ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံခဲ့ပါသည်။

standard

ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းဖွင့်ပွဲကျင်းပ

၂၀၁၆ ခုနှစ်၊ မေလ ၃၀
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၂)ကို သင်တန်းသူ (၁၀၁)ဦးဖြင့် (၃၀.၅.၂၀၁၆) ရက်နေ့၊ တနင်္လာနေ့၊ နံနက်(ဝ၈:ဝဝ) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေလ  ၂၇  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား အား ယနေ့နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးလာရောက်တွေ့ဆုံ

နေပြည်တော် မေလ   ၂၅  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrick သည် ယနေ့နေ့လည် (၁) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ကချင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မေလ   ၂၁  ရက်
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် နယ်မြေခံ စစ်ဗျူဟာမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် (၁၈-၅-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံခဲ့ပါသည်။

standard

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား The Lutheran World Federation မှ ဒေသဌာနေကိုယ်စားလှယ် Mr. David H. Mueller လာရောက်တွေ့ဆုံ

နေပြည်တော် မေ ၁၉ ရက်
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား The Lutheran World Federation မှ ဒေသဌာနေကိုယ်စားလှယ် Mr. David H. Mueller သည် ယနေ့နံနက် (၉:၃၀) နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

standard

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုတိယဌာနေ ကိုယ်စားလှယ် Ms. Noriko Takagi လာရောက်တွေ့ဆုံ

နေပြည်တော် မေ ၁၈ ရက်
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Noriko Takagi မှ ယနေ့နံနက် (၈) နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

standard

ပြည်တွင်းငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

နေပြည်တော် မေလ ၁၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Paul R. Seger သည် ယနေ့နေ့လည် (၂:၀၀) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။

standard